အစာေရစာ ႐ွားပါးလာလုိ႔၁၀ ေယာက္လာရင္ေတာင္ ၉ ေယာက္စာပဲ မွာလုိ႔ ရေတာ့မ ယ္ တ႐ုတ္ျပည္ (တ႐ုတ္သမၼတ႐ွီက်င္းပင္က်င္သုံးမယ့္ထူးထူးျခားျခား “အေျပာင္စား”စနစ္ ( Clean Plate Campaign))

အစာေရစာ ႐ွားပါးလာလုိ႔၁၀ ေယာက္လာရင္ေတာင္ ၉ ေယာက္စာပဲ မွာလုိ႔ ရေတာ့မ ယ္ တ႐ုတ္ျပည္ (တ႐ုတ္သမၼတ႐ွီက်င္းပင္က်င္သုံးမယ့္ထူးထူးျခားျခား “အေျပာင္စား”စနစ္ ( Clean Plate Campaign))

“အေျပာင္စား”စနစ္ ( Clean Plate Campaign) က်င့္သုံးဖို့ ရွိက်င့္ဖင္က စတင္လိုက္ပါတယ္

ကိုဗစ္၁၉ ကပ္ေရာဂါဟာ အစားအစာေလလြင့္ျပဳန္းတီးမွုကို တပ္လွန႔္ခဲ့တယ္လို့ဆိုပါတယ္

တ႐ုပ္တို့ဟာ စားနပ္ရိကၡာလုံျခဳံမွုအတြက္ အသိတရားရွိရွိထိန္းသိမ္းၾကရမယ္လို့ ေျပာပါတယ္

တ႐ုပ္ျပည္ေတာင္ပိုင္းေဒသေတြမွာေရႀကီးၿပီးသီးႏွံစိုက္ခင္းေတြပ်က္စီးလို့ စိုက္ပ်ိဳးေရးထုတ္ကုန္ေတြ ပ်က္စီးခဲ့ရာကေနျဖစ္လာရတဲ့ အက်ိဳးတရားပါ
ကပ္ေရာဂါေၾကာင့္ တ႐ုပ္ျပည္မွာ စားနပ္ရိကၡာျပႆနာအႀကီးႀကီးျဖစ္လာလိမ့္မယ္လို့ ဂလိုဘယ္တိုင္း သတင္းစာက မီးေမာင္းထိုးျပထားခဲ့ပါတယ္

နိုင္ငံပိုင္ ႐ုပ္ျမင္သံၾကားကလည္း အစားၾကဴးျပေနၾကတဲ့ လိုက္ဖ္လႊင့္ေနၾကသူေတြကို ကဲ့ရဲ့ေျပာဆိုထားပါတယ္

ရွီက်င့္ဖ်င္ရဲ့ သတိေပးစကား ထြက္ေပၚလာၿပီး
ဝူဟန္မွာရွိတဲ့ အစားအေသာက္လုပ္ငန္းအဖြဲ႕အစည္းႀကီးဟာ စားေသာက္ဆိုင္ေတြကို ကန႔္သတ္ခ်က္ေတြလုပ္ဖို့ တိုက္တြန္းခဲ့ပါတယ္
စားေသာက္သူအေရအတြက္ထက္တစ္ခုေလၽွာ့ၿပီး ဟင္းပြဲ ေရာင္းခ်ေပးဖို့နည္းစနစ္ပါပဲ

ဆယ္ေယာက္လာစားရင္ ဟင္းကိုးပြဲပဲ မွာလို့ရပါမယ္
(N-1) စနစ္ပါ

ဒါေပမယ့္တ႐ုပ္ျပည္ႀကီးမွာ ဒါကိုအသားက်ဖို့ ေတာ့
အခ်ိန္လိုပါလိမ့္မယ္ ဘာေၾကာင့္ဆိုရင္
တ႐ုပ္ေတြရဲ့ထုံးစံမွာ လိုတာထက္ပိုၿပီးဟင္းပြဲမွာၾကတာဟာ ယဥ္ေက်းၿပီးေဖာ္ေရြမွုကိုျပရာေရာက္တယ္ဆိုတဲ့ အစဥ္အလာေၾကာင့္ပါ
အုပ္စုလိုက္စားၾကတဲ့အခါမွာ ေျပာင္သလင္းခါေနတဲ့ပန္းကန္ေတြဟာ ဧည့္ဝတ္မေက်ရာေရာက္တယ္လို့ ယူဆၾကတယ္ေလ
ဆိုလိုတာက ဧည့္သည္ကို မေလာက္မငွနဲ႔မွာေကၽြးတယ္ဆိုတဲ့
အျဖစ္ကိုေရာက္ေစလို့ပါပဲတဲ့

(N-1) အေတြးအေခၚဟာ အြန္လိုင္းမွာအေတာ္ေလး အတင္းေျပာခံထိခဲ့ပါတယ္
တခ်ိဳ့ကဒါဟာသိပ္တင္းၾကပ္လြန္းတယ္ လို့လက္ညႇိုးထိုးၾကတယ္
လူတစ္ေယာက္ထဲစားေသာက္ဆိုင္သြားခဲ့ရင္ ဘယ္လိုလုပ္မလဲ အငတ္ေနရမလားဆိုတာမ်ိဳးေတြ
ကိုလူမွုကြန္ရက္ လိုေနရာေတြမွာ ေမးလာၾကတယ္

တခ်ိဳ့ကလည္းေျပာၾကပါတယ္ စားေသာက္ဆိုင္ေတြက မျဖဳန္းတီးပါဘူး တဲ့
အရာရွိႀကီးႀကီးေတြလုပ္ၾကတဲ့ စားေသာက္ပြဲႀကီးေတြ ေလာက္ျဖဳန္းတာရွိဦးမလားလို့ လည္းေၾကးတိုက္ၾကပါတယ္

တ႐ုပ္နိုင္ငံပိုင္႐ုပ္ျမင္သံၾကား CCTV ကေတာ့
အစားအေသာက္မ်ားမ်ားစားျပတဲ့ လိုက္ဖ္လႊင့္သူေတြကိုအေတာ္ေလး ျပစ္တင္ရွုတ္ခ်ထားပါတယ္
သူတို့ဟာလိုက္ဖ္လႊင့္ျပၿပီးရင္အန္ထုတ္ပစ္ၾကတာ
အားမက်နဲ႔ဆိုတာမ်ိဳးလႊင့္ေပးေနပါတယ္

ဒီလိုမ်ိဳးျဖစ္တာဟာ ခုမွမဟုတ္ပါဘူး ၂၀၁၃တုန္းကလည္း “အေျပာင္စားစစ္ဆင္ေရး” ( operation empty plate) ဆိုၿပီးလုပ္ခဲ့ရပါေသးတယ္
အဲ့ဒိအခ်ိန္တုန္းက အရာရွိႀကီးေတြရဲ့စားပြဲေသာက္ပြဲႀကီးေတြ ကို ပစ္မွတ္ထားခဲ့ၾကတာပါ ျပည္သူေတြကိုမရည္ရြယ္ခဲ့ပါဘူး

စာရင္းဇယားေတြအရေျပာရရင္ ၂၀၁၅ ခုႏွစ္တႏွစ္ထဲမွာ အစားအေသာက္တန္ခ်ိန္ ၁၇/၁၈ သန္း
ေလာက္ဟာ စြန႔္ပစ္ခဲ့ရတယ္လို့သိရပါတယ္

တ႐ုပ္သမၼတရွိဟာ ဒီကမ္ပိန္းကို ကပ္ေရာဂါကာလအတြင္းမွာ နိုင္ငံတကာကလူသားေတြကိုကူညီတဲ့ေျခလွမ္းအျဖစ္နဲ႔စတင္ခဲ့တာပါ လို့ေျပာေပမယ့္ တကယ္တမ္းကေတာ့ တ႐ုပ္ျပည္ႀကီးမွာသူ႔လူသန္းေပါင္း ၁၄၀၀ ေက်ာ္က အလဟသ လုပ္လိုက္ၾကတဲ့ အစားအေသာက္ေတြကို ျဖတ္ေတာက္ခ်င္တာက အဓိကရည္ရြယ္ခ်က္ပါပဲ

တ႐ုပ္ျပည္ႀကီးက တႏွစ္စာအေလအလြင့္အျဖစ္အလဟသျဖစ္ေစတဲ့အစားအေသာက္ေတြဟာ လူသားသန္း၃၀ကေန၅၀ေလာက္အထိတစ္ႏွစ္စာ ေကၽြးထားနိုင္တယ္လို့သိရပါတယ္
ဒါေၾကာင့္ ျပင္းထန္တဲ့ နည္းစနစ္ေတြနဲ႔တ႐ုပ္ေတြကိုစားပုံေသာက္ပုံ ပုံစံျပန္သြင္းေပးဖို့ နဲ႔ အေတြးအေခၚေတြေျပာင္းေပးဖို့ လိုေနပါတယ္

၂၀၁၉ဇူလိုင္လတုန္းက ကမၻာ့အႀကီးဆုံးနဲ႔ လူဦးေရအမ်ားဆုံး ရွန္ဟဲၿမိဳ့ႀကီးမွာ လူေတြနဲ႔ကုမၸဏီေတြကို အစားအေသာက္အေလအလြင့္ေတြ မွန္မွန္ကန္ကန္ျပန္လည္အသုံးျပဳနိုင္တဲ့စနစ္ correctly recycle စနစ္ကို တိတိက်က် လိုက္နာေစခဲ့ပါတယ္

လူေတြကို မလိုက္နာရင္ ဒဏ္ခ်ပါတယ္
ခရက္ဒစ္ အဆင့္အတန္းကို ေလၽွာ့ခ်ပါတယ္
ေငြေၾကးအရေရာ လူမွုအဆင့္အတန္းအရပါ ထိခိုက္ေစတဲ့စနစ္ကိုက်င့္သုံးခဲ့တာပါ
ရွန္ဟဲက စနစ္ပုံစံကို အျခားၿမိဳ့ႀကီးေတြဆီကို တင္ပို့လာခဲ့တာျဖစ္ပါတယ္

တ႐ုပ္ျပည္ႀကီးမွာအဝလြန္ေရာဂါ ကလည္းျပႆနာတစ္ခုျဖစ္လာေနပါတယ္
၂၀၁၆မွာတ႐ုပ္ဟာ လူဝဦးေရအေနနဲ႔အေမရိကန္ကိုေက်ာ္တက္ခဲ့ၿပီး ကမၻာ့လူဝႀကီးမ်ား စာရင္းမွာ နံပါတ္တစ္ျဖစ္ခဲ့ပါတယ္

တ႐ုပ္ျပည္မွာအလုပ္သမားအေရအတြက္နည္းပါးလာတာေၾကာင့္
တစ္အိမ္ေထာင္ကေလးတစ္ေယာက္သာယူရတဲ့စနစ္ကိုဖ်က္ခဲ့တာ
အၾကာႀကီးစာသင္ရတာ
အၾကာႀကီးအလုပ္လုပ္ရတာ
အစားအေသာက္မတရားစားေသာက္တာ
စတာေတြဟာလည္း လူေတြဝဖီးလာရတဲ့အေၾကာင္းတရားေတြျဖစ္ေနပါတယ္ လို့သိရပါတယ္

xxxxxx

သိသေလာက္ေျပာရမယ္ဆိုရင္ေတာ့ စင္ကာပူတ႐ုပ္ေတြဟာလည္းတ႐ုပ္ပါပဲ
ဒါေပမယ့္ ပန္းကန္ေျပာင္ေအာင္စားတဲ့စနစ္ကို
စင္ကာပူရီယန္ေတြက်င့္သုံးခဲ့တာေတာ့ၾကာပါၿပီ
အကုန္စားတယ္ ေျပာင္ေအာင္စားတယ္
က်န္တာေတြေမာ့ေသာက္ပစ္တယ္
မကုန္မခမ္းနိုင္ေအာင္မမွာ ၾကပါဘူး

pi lon

Unicode

အစာရေစာ ရှားပါးလာလို့၁၀ ယောက်လာရင်တောင် ၉ ယောက်စာပဲ မှာလို့ ရတော့မ ယ် တရုတ်ပြည် (တရုတ်သမ္မတရှီကျင်းပင်ကျင်သုံးမယ့်ထူးထူးခြားခြား “အပြောင်စား”စနစ် ( Clean Plate Campaign))

“အပြောင်စား”စနစ် ( Clean Plate Campaign) ကျင့်သုံးဖို့ ရှိကျင့်ဖင်က စတင်လိုက်ပါတယ်

ကိုဗစ်၁၉ ကပ်ရောဂါဟာ အစားအစာလေလွင့်ပြုန်းတီးမှုကို တပ်လှန့်ခဲ့တယ်လို့ဆိုပါတယ်

တရုပ်တို့ဟာ စားနပ်ရိက္ခာလုံခြုံမှုအတွက် အသိတရားရှိရှိထိန်းသိမ်းကြရမယ်လို့ ပြောပါတယ်

တရုပ်ပြည်တောင်ပိုင်းဒေသတွေမှာရေကြီးပြီးသီးနှံစိုက်ခင်းတွေပျက်စီးလို့ စိုက်ပျိုးရေးထုတ်ကုန်တွေ ပျက်စီးခဲ့ရာကနေဖြစ်လာရတဲ့ အကျိုးတရားပါ
ကပ်ရောဂါကြောင့် တရုပ်ပြည်မှာ စားနပ်ရိက္ခာပြဿနာအကြီးကြီးဖြစ်လာလိမ့်မယ်လို့ ဂလိုဘယ်တိုင်း သတင်းစာက မီးမောင်းထိုးပြထားခဲ့ပါတယ်

နိုင်ငံပိုင် ရုပ်မြင်သံကြားကလည်း အစားကြူးပြနေကြတဲ့ လိုက်ဖ်လွှင့်နေကြသူတွေကို ကဲ့ရဲ့ပြောဆိုထားပါတယ်

ရှီကျင့်ဖျင်ရဲ့ သတိပေးစကား ထွက်ပေါ်လာပြီး
ဝူဟန်မှာရှိတဲ့ အစားအသောက်လုပ်ငန်းအဖွဲ့အစည်းကြီးဟာ စားသောက်ဆိုင်တွေကို ကန့်သတ်ချက်တွေလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်
စားသောက်သူအရေအတွက်ထက်တစ်ခုလျှော့ပြီး ဟင်းပွဲ ရောင်းချပေးဖို့နည်းစနစ်ပါပဲ

ဆယ်ယောက်လာစားရင် ဟင်းကိုးပွဲပဲ မှာလို့ရပါမယ်
(N-1) စနစ်ပါ

ဒါပေမယ့်တရုပ်ပြည်ကြီးမှာ ဒါကိုအသားကျဖို့ တော့
အချိန်လိုပါလိမ့်မယ် ဘာကြောင့်ဆိုရင်
တရုပ်တွေရဲ့ထုံးစံမှာ လိုတာထက်ပိုပြီးဟင်းပွဲမှာကြတာဟာ ယဉ်ကျေးပြီးဖော်ရွေမှုကိုပြရာရောက်တယ်ဆိုတဲ့ အစဉ်အလာကြောင့်ပါ
အုပ်စုလိုက်စားကြတဲ့အခါမှာ ပြောင်သလင်းခါနေတဲ့ပန်းကန်တွေဟာ ဧည့်ဝတ်မကျေရာရောက်တယ်လို့ ယူဆကြတယ်လေ
ဆိုလိုတာက ဧည့်သည်ကို မလောက်မငှနဲ့မှာကျွေးတယ်ဆိုတဲ့
အဖြစ်ကိုရောက်စေလို့ပါပဲတဲ့

(N-1) အတွေးအခေါ်ဟာ အွန်လိုင်းမှာအတော်လေး အတင်းပြောခံထိခဲ့ပါတယ်
တချို့ကဒါဟာသိပ်တင်းကြပ်လွန်းတယ် လို့လက်ညှိုးထိုးကြတယ်
လူတစ်ယောက်ထဲစားသောက်ဆိုင်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ အငတ်နေရမလားဆိုတာမျိုးတွေ
ကိုလူမှုကွန်ရက် လိုနေရာတွေမှာ မေးလာကြတယ်

တချို့ကလည်းပြောကြပါတယ် စားသောက်ဆိုင်တွေက မဖြုန်းတီးပါဘူး တဲ့
အရာရှိကြီးကြီးတွေလုပ်ကြတဲ့ စားသောက်ပွဲကြီးတွေ လောက်ဖြုန်းတာရှိဦးမလားလို့ လည်းကြေးတိုက်ကြပါတယ်

တရုပ်နိုင်ငံပိုင်ရုပ်မြင်သံကြား CCTV ကတော့
အစားအသောက်များများစားပြတဲ့ လိုက်ဖ်လွှင့်သူတွေကိုအတော်လေး ပြစ်တင်ရှုတ်ချထားပါတယ်
သူတို့ဟာလိုက်ဖ်လွှင့်ပြပြီးရင်အန်ထုတ်ပစ်ကြတာ
အားမကျနဲ့ဆိုတာမျိုးလွှင့်ပေးနေပါတယ်

ဒီလိုမျိုးဖြစ်တာဟာ ခုမှမဟုတ်ပါဘူး ၂၀၁၃တုန်းကလည်း “အပြောင်စားစစ်ဆင်ရေး” ( operation empty plate) ဆိုပြီးလုပ်ခဲ့ရပါသေးတယ်
အဲ့ဒိအချိန်တုန်းက အရာရှိကြီးတွေရဲ့စားပွဲသောက်ပွဲကြီးတွေ ကို ပစ်မှတ်ထားခဲ့ကြတာပါ ပြည်သူတွေကိုမရည်ရွယ်ခဲ့ပါဘူး

စာရင်းဇယားတွေအရပြောရရင် ၂၀၁၅ ခုနှစ်တနှစ်ထဲမှာ အစားအသောက်တန်ချိန် ၁၇/၁၈ သန်း
လောက်ဟာ စွန့်ပစ်ခဲ့ရတယ်လို့သိရပါတယ်

တရုပ်သမ္မတရှိဟာ ဒီကမ်ပိန်းကို ကပ်ရောဂါကာလအတွင်းမှာ နိုင်ငံတကာကလူသားတွေကိုကူညီတဲ့ခြေလှမ်းအဖြစ်နဲ့စတင်ခဲ့တာပါ လို့ပြောပေမယ့် တကယ်တမ်းကတော့ တရုပ်ပြည်ကြီးမှာသူ့လူသန်းပေါင်း ၁၄၀၀ ကျော်က အလဟသ လုပ်လိုက်ကြတဲ့ အစားအသောက်တွေကို ဖြတ်တောက်ချင်တာက အဓိကရည်ရွယ်ချက်ပါပဲ

တရုပ်ပြည်ကြီးက တနှစ်စာအလေအလွင့်အဖြစ်အလဟသဖြစ်စေတဲ့အစားအသောက်တွေဟာ လူသားသန်း၃၀ကနေ၅၀လောက်အထိတစ်နှစ်စာ ကျွေးထားနိုင်တယ်လို့သိရပါတယ်
ဒါကြောင့် ပြင်းထန်တဲ့ နည်းစနစ်တွေနဲ့တရုပ်တွေကိုစားပုံသောက်ပုံ ပုံစံပြန်သွင်းပေးဖို့ နဲ့ အတွေးအခေါ်တွေပြောင်းပေးဖို့ လိုနေပါတယ်

၂၀၁၉ဇူလိုင်လတုန်းက ကမ္ဘာ့အကြီးဆုံးနဲ့ လူဦးရေအများဆုံး ရှန်ဟဲမြို့ကြီးမှာ လူတွေနဲ့ကုမ္ပဏီတွေကို အစားအသောက်အလေအလွင့်တွေ မှန်မှန်ကန်ကန်ပြန်လည်အသုံးပြုနိုင်တဲ့စနစ် correctly recycle စနစ်ကို တိတိကျကျ လိုက်နာစေခဲ့ပါတယ်

လူတွေကို မလိုက်နာရင် ဒဏ်ချပါတယ်
ခရက်ဒစ် အဆင့်အတန်းကို လျှော့ချပါတယ်
ငွေကြေးအရရော လူမှုအဆင့်အတန်းအရပါ ထိခိုက်စေတဲ့စနစ်ကိုကျင့်သုံးခဲ့တာပါ
ရှန်ဟဲက စနစ်ပုံစံကို အခြားမြို့ကြီးတွေဆီကို တင်ပို့လာခဲ့တာဖြစ်ပါတယ်

တရုပ်ပြည်ကြီးမှာအဝလွန်ရောဂါ ကလည်းပြဿနာတစ်ခုဖြစ်လာနေပါတယ်
၂၀၁၆မှာတရုပ်ဟာ လူဝဦးရေအနေနဲ့အမေရိကန်ကိုကျော်တက်ခဲ့ပြီး ကမ္ဘာ့လူဝကြီးများ စာရင်းမှာ နံပါတ်တစ်ဖြစ်ခဲ့ပါတယ်

တရုပ်ပြည်မှာအလုပ်သမားအရေအတွက်နည်းပါးလာတာကြောင့်
တစ်အိမ်ထောင်ကလေးတစ်ယောက်သာယူရတဲ့စနစ်ကိုဖျက်ခဲ့တာ
အကြာကြီးစာသင်ရတာ
အကြာကြီးအလုပ်လုပ်ရတာ
အစားအသောက်မတရားစားသောက်တာ
စတာတွေဟာလည်း လူတွေဝဖီးလာရတဲ့အကြောင်းတရားတွေဖြစ်နေပါတယ် လို့သိရပါတယ်

xxxxxx

သိသလောက်ပြောရမယ်ဆိုရင်တော့ စင်ကာပူတရုပ်တွေဟာလည်းတရုပ်ပါပဲ
ဒါပေမယ့် ပန်းကန်ပြောင်အောင်စားတဲ့စနစ်ကို
စင်ကာပူရီယန်တွေကျင့်သုံးခဲ့တာတော့ကြာပါပြီ
အကုန်စားတယ် ပြောင်အောင်စားတယ်
ကျန်တာတွေမော့သောက်ပစ်တယ်
မကုန်မခမ်းနိုင်အောင်မမှာ ကြပါဘူး

pi lon

Add a Comment

Your email address will not be published. Required fields are marked *

Penis Girth Women Is Thicker Better|How To Lose Belly Fat In 2 Weeks|Hemp Med Cbd