အီရန္ေလာင္စာဆီတင္သေဘၤာ ေလးစင္းကို အေမရိကန္ ဖမ္းဆီးၿပီး ဟူစတန္ဆိပ္ကမ္းသို႔ ယူေဆာင္သြား

အေမရိကန္ ဒဏ္ခတ္ပိတ္ဆို႔မႈကို ခ်ိဳးေဖာက္ၿပီး အီရန္ေလာင္စာဆီေတြ တင္ေဆာင္လာတဲ့ ပင္လယ္နက္အတြင္း အီရန္သေဘၤာေလးစင္းကို အေမရိကန္က ဖမ္းဆီးခဲ့ေၾကာင္း အေမရိကန္တာဝန္ရွိသူမ်ားက Wall Street Journal ကို ေျပာပါတယ္။အဲဒီ သေဘၤာေလးစင္းကို လက္ရွိမွာ အဓိက ေလာင္စာဆိပ္ကမ္းျဖစ္တဲ့ တကၠဆက္ျပည္နယ္ ဟူစတန္ဆီ ဦးတည္ေခၚေဆာင္သြားၿပီလို႔ သိရပါတယ္။

Luna၊ Pandi၊ Bering နဲ႔ Bella ဆိုတဲ့ ဒီ ေလာင္စာတင္သေဘၤာ ေလးစင္းကို မၾကာေသးတဲ့ ရက္အတြင္း စစ္အင္အား မသုံးဘဲ ဖမ္းဆီးခဲ့တာလို႔ ဂ်ာနယ္က ေဖာ္ျပထားပါတယ္။ဒီ ႏွစ္အေစာပိုင္းမွာ ဗင္နီဇြဲလားဆီ အီရန္ေလာင္စာဆီ သေဘၤာ ငါးစင္း ေရာက္ရွိသြားခဲ့တာေၾကာင့္ ခုလို ဖမ္းဆီးမႈ ျဖစ္လာခဲ့တာပါ။ အေမရိကန္က တင္းၾကပ္တဲ့ စီးပြားေရးဒဏ္ခတ္ပိတ္ဆို႔မႈေတြ ခ်မွတ္ထားတဲ့ ဗင္နီဇြဲလားဆီ အီရန္ဟာ ဓာတ္ဆီဂါလံေပါင္း ၁ ဒသမ ၅ သန္း အဲဒီ သေဘၤာ ငါးစင္းနဲ႔ ပို႔္ေဆာင္ႏိုင္ခဲ့တာပါ။

အခု ဖမ္းဆီးမိတဲ့ သေဘၤာေလးစင္းက Bering နဲ႔ Bella သေဘၤာႏွစ္စင္းဟာ ဗင္နီဇြဲလားဆီ ေလာင္စာဆီ တင္ပို႔ခဲ့တဲ့ သေဘၤာေတြပဲ ျဖစ္ပါတယ္။ ဒီ သေဘၤာႏွစ္စင္းစလုံးဟာ လိုက္ေဘးရီးယားမွာ မွတ္ပုံတင္ထားေပမယ့္ ဂရိသေဘၤာကုမၸဏီေတြက ပိုင္ဆိုင္ထားတာပါ။

ခုလို ဖမ္းဆီးတာဟာ ဇူလိုင္လအတြင္းက အေမရိကန္ အစိုးရေရွ႕ေနေတြရဲ႕ အရပ္ဖက္ အမႈတင္ခ်က္အရ ဖမ္းဆီးတာပဲ ျဖစ္ပါတယ္။

ဩဂုတ္ ၁၀ ရက္ေန႔မွာလည္း အီရန္ေလာင္စာဆီ သေဘၤာတစ္စင္းကို အေမရိကန္အစိုးရ ေမတၱာရပ္ခံခ်က္ေၾကာင့္ ကရာခ်ိဆိပ္ကမ္းမွာ ပါကစၥတန္က ဖမ္းဆီးခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီ ဖမ္းဆီးတဲ့ သေဘၤာရဲ႕ နာမည္ကို ထုတ္ေဖာ္မေျပာသလို ဒီ သေဘၤာဟာ ဟူစတန္ဆီ အခု ပို႔ေဆာင္ေနတဲ့ သေဘၤာေတြမွာ ပါဝင္လားဆိုတာလည္း မသိရပါတယ္။

ထရမ့္အစိုးရဟာ ၂၀၁၈ ဩဂုတ္အစမွာ အီရန္အေပၚ ဖိစီးႏွိပ္စက္တဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ခ်မွတ္ၿပီး အီရန္ရဲ႕ ေရနံတင္ပို႔မႈ သုညအထိ ျဖစ္ေအာင္ ရည္႐ြယ္ခ်က္ခ် လုပ္ေဆာင္ခဲ့တာပဲ ျဖစ္ပါတယ္။

Rf; Sputnik
Writer_ ေမာင္သံဆင့္(YGN Times )

Unicode

အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်ပြီး အီရန်လောင်စာဆီတွေ တင်ဆောင်လာတဲ့ ပင်လယ်နက်အတွင်း အီရန်သင်္ဘောလေးစင်းကို အမေရိကန်က ဖမ်းဆီးခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက Wall Street Journal ကို ပြောပါတယ်။အဲဒီ သင်္ဘောလေးစင်းကို လက်ရှိမှာ အဓိက လောင်စာဆိပ်ကမ်းဖြစ်တဲ့ တက္ကဆက်ပြည်နယ် ဟူစတန်ဆီ ဦးတည်ခေါ်ဆောင်သွားပြီလို့ သိရပါတယ်။

Luna၊ Pandi၊ Bering နဲ့ Bella ဆိုတဲ့ ဒီ လောင်စာတင်သင်္ဘော လေးစင်းကို မကြာသေးတဲ့ ရက်အတွင်း စစ်အင်အား မသုံးဘဲ ဖမ်းဆီးခဲ့တာလို့ ဂျာနယ်က ဖော်ပြထားပါတယ်။ဒီ နှစ်အစောပိုင်းမှာ ဗင်နီဇွဲလားဆီ အီရန်လောင်စာဆီ သင်္ဘော ငါးစင်း ရောက်ရှိသွားခဲ့တာကြောင့် ခုလို ဖမ်းဆီးမှု ဖြစ်လာခဲ့တာပါ။ အမေရိကန်က တင်းကြပ်တဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ ဗင်နီဇွဲလားဆီ အီရန်ဟာ ဓာတ်ဆီဂါလံပေါင်း ၁ ဒသမ ၅ သန်း အဲဒီ သင်္ဘော ငါးစင်းနဲ့ ပို့်ဆောင်နိုင်ခဲ့တာပါ။

အခု ဖမ်းဆီးမိတဲ့ သင်္ဘောလေးစင်းက Bering နဲ့ Bella သင်္ဘောနှစ်စင်းဟာ ဗင်နီဇွဲလားဆီ လောင်စာဆီ တင်ပို့ခဲ့တဲ့ သင်္ဘောတွေပဲ ဖြစ်ပါတယ်။ ဒီ သင်္ဘောနှစ်စင်းစလုံးဟာ လိုက်ဘေးရီးယားမှာ မှတ်ပုံတင်ထားပေမယ့် ဂရိသင်္ဘောကုမ္ပဏီတွေက ပိုင်ဆိုင်ထားတာပါ။

ခုလို ဖမ်းဆီးတာဟာ ဇူလိုင်လအတွင်းက အမေရိကန် အစိုးရရှေ့နေတွေရဲ့ အရပ်ဖက် အမှုတင်ချက်အရ ဖမ်းဆီးတာပဲ ဖြစ်ပါတယ်။

ဩဂုတ် ၁၀ ရက်နေ့မှာလည်း အီရန်လောင်စာဆီ သင်္ဘောတစ်စင်းကို အမေရိကန်အစိုးရ မေတ္တာရပ်ခံချက်ကြောင့် ကရာချိဆိပ်ကမ်းမှာ ပါကစ္စတန်က ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ဖမ်းဆီးတဲ့ သင်္ဘောရဲ့ နာမည်ကို ထုတ်ဖော်မပြောသလို ဒီ သင်္ဘောဟာ ဟူစတန်ဆီ အခု ပို့ဆောင်နေတဲ့ သင်္ဘောတွေမှာ ပါဝင်လားဆိုတာလည်း မသိရပါတယ်။

ထရမ့်အစိုးရဟာ ၂၀၁၈ ဩဂုတ်အစမှာ အီရန်အပေါ် ဖိစီးနှိပ်စက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပြီး အီရန်ရဲ့ ရေနံတင်ပို့မှု သုညအထိ ဖြစ်အောင် ရည်ရွယ်ချက်ချ လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

Rf; Sputnik
Writer_ မောင်သံဆင့်(YGN Times )

Add a Comment

Your email address will not be published. Required fields are marked *

White Ginger Root Male Enhancement|Medical Weight Loss Santa Rosa Santa Rosa Ca|Your Cbd Store Sanford Nc Sanford Nc