အေမရိကန္ေလယာဥ္တင္ သေဘၤာလွည့္လည္သြားေနသည့္ဧရိယာတြင္တ႐ုတ္စစ္ေရးေလ့က်င့္မႈ ျပဳလုပ္….( ဟိုဘက္က တကယ္မခ်ေသးေတာ႔ ဖင္ပုတ္ ေခါင္းပုတ္နဲ႔ ေသြးတိုးစမ္းလာတာမ်ဳိး လား ေပါက္ေဖာ္ )

အေမရိကန္ေလယာဥ္တင္ သေဘၤာလွည့္လည္သြားေနသည့္ဧရိယာတြင္ တ႐ုတ္စစ္ေရးေလ့က်င့္မႈ ျပဳလုပ္….( ဟိုဘက္က တကယ္မခ်ေသးေတာ႔ ဖင္ပုတ္ ေခါင္းပုတ္နဲ႔ ေသြးတိုးစမ္းလာတာမ်ဳိး လား ေပါက္ေဖာ္ )

ထိုင္ဝမ္ကြၽန္းအနီး အေမရိကန္ေလယာဥ္ တင္ သေဘၤာတစ္စင္း လွည့္လည္ သြားလာေနစဥ္ …တ႐ုတ္စစ္တပ္၏ တပ္ဖြဲ႕မ်ားသည္ ထိုင္ဝမ္ကြၽန္း၏ အေပၚစီးေနရာတြင္ ရွိေနသည့္ …ယင္းႏိုင္ငံ၏ အေရွ႕ေတာင္ပိုင္းတြင္ေလယာဥ္ပစ္မႈ ဆိုင္ရာ စစ္ေရးေလ့က်င့္မႈမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။

ထိုင္ဝမ္ကြၽန္းသည္ ယခုအခါ ဝါရွင္တန္ႏွင့္ေပက်င္းအၾကား ရန္ေစာင္မႈ ၏ ဗဟိုခ်က္တစ္ခု ျဖစ္လာေနပါတယ္။

ႏိုင္ငံအေရွ႕ေတာင္ပိုင္း Guangdong ျပည္နယ္တြင္ တ႐ုတ္ တပ္ ဖြဲ႕ဝင္မ်ား အႀကီးစား ေလေၾကာင္းရန္ ကာကြယ္ေရး ေလ့က်င့္မႈမ်ား လုပ္ေဆာင္ေနသည့္ ဗီဒီယိုပုံရိပ္တစ္ခုကို တ႐ုတ္စစ္တပ္ႏွင့္ အခ်ိတ္အဆက္ရွိ မီဒီယာ တစ္ခုကၾသဂုတ္ ၁၀ ရက္တြင္ ထုတ္လႊင့္ေဖာ္ျပခဲ့ပါတယ္။

အဆိုပါ စစ္ေရးေလ့က်င့္မႈမ်ားတြင္ ၃၅ မမPGZ-09 ႏွင့္ ၂၅ မမ PGZ-95 ေလယာဥ္ပစ္အေျမႇာက္မ်ားကဲ့သို႔ အဆင့္ျမင့္လက္နက္စနစ္မ်ား ပါဝင္ခဲ့ပါတယ္။

ယခုစစ္ေရးေလ့က်င့္မႈမ်ားသည္ …နယ္ေျမအနီးအနား၌ အေမရိကန္စစ္တပ္၏လႈပ္ရွားမႈမ်ား ျမင့္တက္ေနစဥ္ယင္း၏ နယ္ေျမပိုင္နက္ကို ကာကြယ္လိုသည့္ တ႐ုတ္၏ သေဘာဆႏၵကို ျပသခဲ့ျခင္း ျဖစ္ေၾကာင္း အမည္မေဖာ္လိုသူ ကြၽမ္းက်င္ပညာရွင္မ်ားကိုကိုးကား၍ ၾသဂုတ္ ၁၂ ရက္တြင္တ႐ုတ္ကြန္ျမဴနစ္ပါတီ သတင္းစာဂလိုဘယ္လ္တိုင္းမ္က ေဖာ္ျပလိုက္ပါတယ္။

ထို႔ျပင္ ေတာင္တ႐ုတ္ပင္လယ္ စုံစမ္းစစ္ေဆးေရး အစီအစဥ္အဖြဲ႕က လုပ္ေဆာင္လ်က္ရွိေသာအေမရိကန္၏ ေလေၾကာင္းႏွင့္ေရေၾကာင္း လႈပ္ရွားမႈမ်ားအေပၚ
ေလ့လာေစာင့္ၾကည့္မႈကိုလည္းယင္းသတင္းဌာနက ရည္ၫြန္းေဖာ္ျပထားပါတယ္။

နီမစ္ဇ္ အတန္းအစား အေမရိကန္ ေလယာဥ္တင္သေဘၤာ ယူအက္စ္အက္စ္ေရာ္နယ္ေရဂင္ သည္ ၾသဂုတ္ ၈ ရက္ကတည္းကထိုင္ဝမ္အနီး လွည့္လည္ေနခဲ့ၿပီး အနီးအနားရွိအေရွ႕တ႐ုတ္ပင္လယ္သို႔ ဦးတည္ခုတ္ေမာင္းသြားသည္ကို ျမင္ေတြ႕ခဲ့ေၾကာင္း ၾသဂုတ္ ၁၂ ရက္တြင္ တ႐ုတ္ think tank (ႏိုင္ငံေရး၊ စီးပြားေရး အႀကံေပးအဖြဲ႕) က ထုတ္ျပန္ခဲ့ပါတယ္။

သံပါးစပ္

Unicode

အမေရိကန်လေယာဉ်တင် သင်္ဘောလှည့်လည်သွားနေသည့်ဧရိယာတွင် တရုတ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်….( ဟိုဘက်က တကယ်မချသေးတော့ ဖင်ပုတ် ခေါင်းပုတ်နဲ့ သွေးတိုးစမ်းလာတာမျိုး လား ပေါက်ဖော် )

ထိုင်ဝမ်ကျွန်းအနီး အမေရိကန်လေယာဉ် တင် သင်္ဘောတစ်စင်း လှည့်လည် သွားလာနေစဉ် …တရုတ်စစ်တပ်၏ တပ်ဖွဲ့များသည် ထိုင်ဝမ်ကျွန်း၏ အပေါ်စီးနေရာတွင် ရှိနေသည့် …ယင်းနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင်လေယာဉ်ပစ်မှု ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ထိုင်ဝမ်ကျွန်းသည် ယခုအခါ ဝါရှင်တန်နှင့်ပေကျင်းအကြား ရန်စောင်မှု ၏ ဗဟိုချက်တစ်ခု ဖြစ်လာနေပါတယ်။

နိုင်ငံအရှေ့တောင်ပိုင်း Guangdong ပြည်နယ်တွင် တရုတ် တပ် ဖွဲ့ဝင်များ အကြီးစား လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်နေသည့် ဗီဒီယိုပုံရိပ်တစ်ခုကို တရုတ်စစ်တပ်နှင့် အချိတ်အဆက်ရှိ မီဒီယာ တစ်ခုကသြဂုတ် ၁၀ ရက်တွင် ထုတ်လွှင့်ဖော်ပြခဲ့ပါတယ်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုများတွင် ၃၅ မမPGZ-09 နှင့် ၂၅ မမ PGZ-95 လေယာဉ်ပစ်အမြှောက်များကဲ့သို့ အဆင့်မြင့်လက်နက်စနစ်များ ပါဝင်ခဲ့ပါတယ်။

ယခုစစ်ရေးလေ့ကျင့်မှုများသည် …နယ်မြေအနီးအနား၌ အမေရိကန်စစ်တပ်၏လှုပ်ရှားမှုများ မြင့်တက်နေစဉ်ယင်း၏ နယ်မြေပိုင်နက်ကို ကာကွယ်လိုသည့် တရုတ်၏ သဘောဆန္ဒကို ပြသခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ ကျွမ်းကျင်ပညာရှင်များကိုကိုးကား၍ သြဂုတ် ၁၂ ရက်တွင်တရုတ်ကွန်မြူနစ်ပါတီ သတင်းစာဂလိုဘယ်လ်တိုင်းမ်က ဖော်ပြလိုက်ပါတယ်။

ထို့ပြင် တောင်တရုတ်ပင်လယ် စုံစမ်းစစ်ဆေးရေး အစီအစဉ်အဖွဲ့က လုပ်ဆောင်လျက်ရှိသောအမေရိကန်၏ လေကြောင်းနှင့်ရေကြောင်း လှုပ်ရှားမှုများအပေါ်
လေ့လာစောင့်ကြည့်မှုကိုလည်းယင်းသတင်းဌာနက ရည်ညွန်းဖော်ပြထားပါတယ်။

နီမစ်ဇ် အတန်းအစား အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ်ရော်နယ်ရေဂင် သည် သြဂုတ် ၈ ရက်ကတည်းကထိုင်ဝမ်အနီး လှည့်လည်နေခဲ့ပြီး အနီးအနားရှိအရှေ့တရုတ်ပင်လယ်သို့ ဦးတည်ခုတ်မောင်းသွားသည်ကို မြင်တွေ့ခဲ့ကြောင်း သြဂုတ် ၁၂ ရက်တွင် တရုတ် think tank (နိုင်ငံရေး၊ စီးပွားရေး အကြံပေးအဖွဲ့) က ထုတ်ပြန်ခဲ့ပါတယ်။

သံပါးစပ်

Add a Comment

Your email address will not be published. Required fields are marked *

|Powerful Weight Loss Pill For Men|Arnica Infused Cbd Oil