Month: October 2020

ယူနိုက်တက် နံနက်ခင်းသတင်းတိုများ (၃၁.၁၀.၂၀၂၀)

အင်္ဂလန် (၁၉၆၆) ကမ္ဘာ့ဖလားပိုင်ရှင် ကွင်းလယ်လူဟောင်း၊ ယူနိုက်တက်ကွင်းလယ် ကစားသမားဟောင်းကြီး နော့ဘီစတိုင်းလ် MBE ဟာ အသက် (၇၈)နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ နာတာရှည်ဖျားနေခဲ့တဲ့ အဖျားရောဂါကြောင့်လို့ သိရပါတယ်။ ယူနိုက်တက် ယူ၁၈ နဲ့ ချဲလ်ဆီး ယူ၁၈ တို့ကစားခဲ့တဲ့ အက်ဖ်အေဖလားဆီးမီးဖိုင်နယ်ပွဲစဉ်မှာ (၀-၁)နဲ့အတူ ယူနိုက်တက်တို့ ရှုံးနိမ့်ခဲ့ပါတယ်။ ပုံစံကောင်းကိုပြသနိုင်ခဲ့ပေမဲ့ ချဲလ်ဆီးအသင်းရဲ့တလုံးတည်းသောဂိုးကို မချေပနိုင်ခဲ့ဘဲ
Read More

အာဆင်နယ်နဲ့ပွဲမှာ ယူကေပရိသတ်တွေ မြင်ချင်နေကြတဲ့ ယူနိုက်တက်ကွင်းလယ် အစုအဖွဲ့

ယူနိုက်တက်ရဲ့ကွင်းလယ်အင်အားစုဟာ လက်ရှိမှာ မထင်မှတ်ထားလောက်အောင်ပိုကောင်းနေပါတယ်။ ဗန်ဒီဘိခ်ကို အချိန်မရွေးသုံးလို့ရနေတဲ့အပြင် ပေါ့ဘာ၊ ဖာနန်ဒက်၊ ဖရက်၊ တိုမီနေး၊ မာတစ် အားလုံးအလုပ်ဖြစ်နေတာက ပရိသတ်ကို အားမလိုအားမရဖြစ်စေပါတယ်။ အထူးသဖြင့် ပေါင်သန်း (၄၀)နဲ့ဝယ်ထားတဲ့ ဗန်ဒီဘိခ်ကို ပွဲထွက်ခွင့်မပေးခဲ့ချိန်မှာပါ။ ဆိုးလ်ရှားက လစ်ဇစ်နဲ့ပွဲမှာ သုံးပြခဲပြီး၊ ဒိုင်းမွန်းကွက်လို့ခေါ်တဲ့ ကစားကွက်မှာ ဗန်ဒီဘိခ်ကို ဘရူနိုဖာနန်ဒက်အစား ကွင်းလယ်မှာထည့်ခဲ့ပါတယ်။ တကယ်လည်းအလုပ်ဖြစ်ခဲ့တဲ့အတွက် ဆိုးလ်ရှားအတွက်
Read More

ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ပြန်ရမယ့်နှစ်ကို ခန့်မှန်းပေးလိုက်တဲ့ ရိုင်ယန်ဂစ်

လက်ရှိမှာ မနှစ်ကချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်ကို ရောက်ထားတဲ့ နှစ်သင်းလုံးကို ယူနိုက်တက်က အနိုင်ယူပြလိုက်တာက ပရိသတ်တွေကို အားရစေပါတယ်။ တိုက်စစ်ပိုင်းရဲ့အချိတ်အဆက်မိမှုတွေက မြင်ချင်ခဲ့တဲ့ နိုင်ပွဲတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး၊ ပွဲကြပ်ကာလမှာ ဆိုးလ်ရှားဟာ ရှုံးပွဲမရှိကို လုပ်ပြထားနိုင်ပါတယ်။ ဒီအနေအထား ယူနိုက်တက်ဟာ ချန်ပီယံလမ်းကြောင်းတခုပေါ်ပြန်လျှောက်လှမ်းနိုင်ဖို့ အင်အားပါပဲ။ ဆာအဲလက်စ်အနားယူသွားကတည်းက ပရီးမီးယားလိဂ်နဲ့ဝေးကွာနေတဲ့ ယူနိုက်တက်အတွက် လက်ရှိမှာ ဖလားမရခဲ့တာ (၇)နှစ်ရှိပါပြီ။ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေရဲ့
Read More

ယူနိုက်တက်ရဲ့ပင်နယ်တီကို ဘာလို့မာရှယ်ကန်ခဲ့ရတာလဲနဲ့ လက်ရှိယူနိုက်တက်ရဲ့ ပင်နယ်တီဦးစားပေးစနစ်

လစ်ဇစ်ကို (၅-၀)နဲ့ ဂိုးပြတ်အနိုင်ကန်ခဲ့တဲ့ ပွဲစဉ်အတွင်း ရက်ရှ်ဖို့ဒ် (၂)လုံးသွင်းပြီးချိန်မှာ ပင်နယ်တီကန်ဖို့ အခွင့်အရေးရလာပါတယ်။ ပရိသတ်တွေက ရက်ရှ်ဖို့ဒ်ဟက်ထရစ်ရမယ့် အလုံးမှာ မာရှယ်နဲ့ပြဿနာတက်မှာစိုးတဲ့အတွက် ရက်ရှ်ဖို့ဒ်မကန်ခဲ့တာလို့ဆိုနေပေမဲ့ တကယ်တမ်းက မဟုတ်ပါဘူး။ အသင်းမှာ ပွဲမစခင်ကတည်းက ကြိုသတ်မှတ်ထားတဲ့ ယူနိုက်တက်ရဲ့ပင်နယ်တီဦးစားပေးစနစ်ကြောင့်ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့လက်ရှိပင်တိုင်ပင်နယ်တီကန်သွင်းသူက ဘရူနိုဖာနန်ဒက်ပါ။ ဒါပေမဲ့ လစ်ဇစ်နဲ့ပွဲမှာ ဖာနန်ဒက်မပါခဲ့ပါဘူး။ အရန်အနေနဲ့စရမှာဖြစ်တဲ့အပေါ် ပင်နယ်တီကန်သွင်းဖို့ လူလိုလာခဲ့ပါတယ်။ ဒါကြောင့်ဆိုးလ်ရှားက
Read More

လစ်ဇစ်နဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်နဲ့ဖာနန်ဒက်ကို အရန်ခုံထိုင်ခိုင်းပြီးမှ ဘာလို့လူစားဝင်ခိုင်းခဲ့တာလဲ

ဆိုးလ်ရှားအနေနဲ့ ကစားသမားတွေကို လူထုတ်ခဲ့ပုံနဲ့ပတ်သက်လို့ ပွဲအပြီးမှာ မေးခွန်းထုတ်ခံခဲ့ရပါတယ်။ (၅-၀)နဲ့ လစ်ဇစ်ကိုအနိုင်ရတဲ့ပွဲမှာ အသင်းအနေနဲ့ အဓိက ကစားသမားနှစ်ယောက်ဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ ဖာနန်ဒက်ကို ဒုတိယပိုင်းမှာမှ လူစားထည့်ခဲ့ပြီး၊ သွင်းဂိုးတွေရခဲ့တဲ့အပေါ် ဗျူဟာအသစ်လားလို့ စိတ်ဝင်စားခဲ့ကြပါတယ်။ တကယ်တမ်းမှာတော့ မဟုတ်ခဲ့ပါဘူး။ ” အခုအချိန်က ဂိုးတွေဘယ်လောက်များများနဲ့ အဆုံးသတ်ခဲ့လဲဆိုတဲ့အကြောင်းကို ပြောနေရမယ့်အချိန်မဟုတ်ပါဘူး။ အခြားအလုပ်တခုက လက်ထဲမှာ အာရုံစိုက်ရဖို့ ရှိနေသရွေ့
Read More

ပင်နယ်တီကန်ရင် ဟက်ထရစ်ရမှာသိရက်နဲ့ မာရှယ်ကိုပေးကန်ခဲ့တဲ့အကြောင်း ရက်ရှ်ဖို့ဒ်ရှင်းပြ

လူစားဝင်လာပြီး ရက်ရှ်ဖို့ဒ်တယောက် ဟက်ထရစ်သွင်းသားပေမဲ့ နောက်ဆုံးအလုံးသာ ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ရင် (၂)ဂိုးနဲ့ပဲ ရပ်တန့်နေခဲ့မှာပါ။ သမိုင်းဝင်စံချိန်တခုဖြစ်လာမယ့် လူစားဝင်လာပြီး၊ ဟက်ထရစ်သွင်းတဲ့ ယူနိုက်တက်ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်းရမှာမဟုတ်တော့ဘဲ ရက်ရှ်ဖို့ဒ်အနေနဲ့ စံချိန်သစ်တခုနဲ့လွဲချော်သွားနိုင်တဲ့ အနေအထားမျိုးရှိခဲ့ပါတယ်။ အကြောင်းက လူစားဝင်လာပြီး၊ ၇၄နဲ့ ၇၈ မိနစ်တွေမှာ ဂိုးသွင်းပြီး၊ ပွဲပြီးဖို့ ဆယ်မိနစ်ကျော်ပဲ ကျန်တော့တဲ့အနေအထားကိုရောက်နေခဲ့လို့ပါ။ ဒါပေမဲ့ ဟက်ထရစ်ကို ကျိန်းသေယူနိုင်တဲ့အခွင့်အရေးတခုကလည်း ပွဲချိန်အတွင်းရှိခဲ့ပါတယ်။
Read More

လစ်ဇစ်ကို (၅-၀)ဂိုးပြတ်ခဲ့တဲ့ပွဲက ယူနိုက်တက်ကစားသမားတွေရဲ့ player ratings များကို သုံးသပ်ခြင်း

ကစားသမားစွမ်းဆောင်ရည် – player ratings တွေကို သတ်မှတ်ရာမှာ တဦးနဲ့တဦးမတူကြပါဘူး။ လစ်ဇစ်ကို (၅-၀)နဲ့အနိုင်ရပြီးတဲ့အချိန်မှာ အမျိုးမျိုးသုံးသပ်ချက်တွေပေါ်လာခဲ့ပေမဲ့ မန်ချက်စတာယူနိုက်တက်အကြောင်းကို အဓိကထားသတင်းတွေတင်ဆက်နေတဲ့ မန်ချက်စတာညနေခင်းသတင်းများ (M.E.N) ကနေ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ နောက်တန်း- ဒီဂီယာ – ၈ ၊ လင်ဒီလော့ဖ် – ၈ ၊ မက်ဂွဲယား – ၈
Read More

ယူနိုက်တက် နံနက်ခင်းသတင်းတိုများ (၂၉.၁၀.၂၀၂၀)

အိမ်ကွင်းမှာ (၅-၀)ဆိုတဲ့ အနိုင်ရလဒ်နဲ့ ယူနိုက်တက်တို့ ရက်ဘူးလ်လစ်ဇစ်ကို အကောင်းဆုံးဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ ရက်ရှ််ဖို့ဒ် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး၊ တိုက်စစ်မှူး သုံးဦးလုံးဂိုးသွင်းနိုင်ခဲ့တဲ့အပေါ် ဆိုးလ်ရှားအနေနဲ့ သူ့ရဲ့ လူစားလဲဗျူဟာက အကောင်းဆုံးအလုပ်ဖြစ်တာကို ပြသခဲ့ပါတယ်။ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂရင်းဝုဒ်ကတော့ ဆယ်ကျော်သက်တယောက်အနေနဲ့ ဥရောပပြိုင်ပွဲကြီးတွေမှာ ခြောက်ဂိုးအထိသွင်းယူလာနိုင်သူဖြစ်လာခဲ့ပါတယ်။ ဒါဟာ အသင်းဖော်ရက်ရှ်ဖို့ဒ်တုန်းကအတိုင်းအတူတူဖြစ်ပြီး၊ အင်္ဂလန်ဆယ်ကျော်သက်တွေထဲမှာ နှစ်ယောက်လုံးဟာ အများဆုံးစံချိန်ကိုယ်စီတင်ထားသူတွေဖြစ်လာခဲ့ပါတယ်။ အရန်ခုံကနေ ထလာပြီး၊ ယူနိုက်တက်အတွက်
Read More

ပရိသတ် (၇၅၀၀၀)လောက်ဆန့် အိုးထရက်ဖို့ဒ်မှာ ဆိုရှယ်ဒစ္စတန်းဆင်းနဲ့ဆိုဘယ်လောက်ဝင်ခွင့်ရမလဲ

ယူနိုက်တက်ရဲ့ အိမ်ကွင်းအားသာချက်တွေပြန်ဖြစ်လာဖို့ အရင်ကထက်စာရင် မျှော်လင့်ချက်တွေပြန်ရှိလာပါပြီ။ အောက်တိုဘာလမှာ ပရိသတ်တွေ ပြန်ဝင်ဖို့ စီစဉ်ထားခဲ့ပေမဲ့ ယူကေအစိုးရရဲ့တားမြစ်မှုနဲ့ ခွင့်မပြုမှုတွေကြောင့် ၀င်ခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ ပြန်ဝင်ခွင့်ရဖို့ ကြိုပြင်ထားရမှာဖြစ်ပြီး၊ အစိုးရက ခေါင်းညိတ်လိုက်တာနဲ့ တန်းလက်မှတ်စီစဉ်ထားနိုင်ဖို့လိုမှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ (COO) ဖြစ်တဲ့ ကောလတ် ရိုချီက အကယ်လို့ အစိုးရကသာ ပရိသတ်တွေကို ၀င်ခွင့်ပြုတာနဲ့ သူတို့အနေနဲ့ အကုန်စီစဉ်ထားပြီဖြစ်ပြီး၊
Read More

MSL နဲ့ အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ချိန်မှာ အပယ်ခံဘ၀လိုဖြစ်နေတဲ့ ရိုမီယို

ယူနိုက်တက် ဂိုးသမား ရိုမီယိုတယောက် အပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်ခင်မှာ သူ့အနာဂတ်ကို ဆက်သွားဖို့ အပြောင်းအရွှေ့မပိတ်သေးတဲ့လိဂ်တွေနဲ့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပါတယ်။ အထမမြောက်ခဲ့ချိန်မှာတော့ ယူနိုက်တက်ရဲ့လေ့ကျင့်ရေးကွင်း ကာရင်တန်ကိုပြန်လာခဲ့ပြီး၊ ၃၃ နှစ်သားဟာ ထရိန်နင်မှာ တယောက်တည်း လေ့ကျင့်နေခဲ့ရတယ်လို့ M.E.N က ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရော၊ ချန်ပီယံလိဂ်ရော လူစာရင်းမှာ မပါခဲ့ချိန်မှာ ရိုမီယိုဟာ အသင်းဖော်တွေနဲ့လေ့ကျင့်ရတာမျိုး မရှိတော့ဘူးလို့ဆိုပါတယ်။ အေ့ဂျင့်ဖြစ်သူ ခရစ်စတီယန်
Read More