Month: December 2020

ကော်တင်ဟိုဒဏ်ရာရသွားတာကြောင့် ပေါင် ၁၈ သန်း ဆုံးရှုံးနိုင်တဲ့လီဗာပူး

ကော်တင်ဟို ဒဏ်ရာရသွားတာကြောင့် လီဗာပူးဟာ ပေါင် ၁၈ သန်းဆုံးရှုံးလာဖို့ရှိနေပါတယ်။ ဘရာဇီးလ်သားကော်တင်ဟိုအနေနဲ့ ပြီးခဲ့တဲ့ဘာစီလိုနာပွဲစဉ် အီဘာနဲ့ (၁-၁) သရေကျတဲ့ပွဲမှာ ဘယ်ဒူးဒဏ်ရာရသွားခဲ့ပါတယ်။ အသင်းရဲ့တရားဝင်ထုတ်ပြန်ချက်အရ ကော်တင်ဟိုဟာ ကာလရှည်ပုံစံမျိုးနားရဖို့ရှိနေပြီး၊ ခွဲစိတ်ရမယ်လို့ သိရပါတယ်။ ဇန်န၀ါရီအပြောင်းအရွှေ့ကာလကို ရောက်လာတဲ့အပြင် အသင်းရဲ့အရေးကြီး ပွဲချိန်တွေမှာ ဒဏ်ရာရသွားခဲ့တာက ကစားသမားရဲ့ပွဲထွက်ခွင့်အတွက် အဆင်မပြေနိုင်ပါဘူး။ စပိန်သတင်းဌာန Sports က ဖော်ပြခဲ့တဲ့သတင်းမှာတော့
Read More

နောက်နှစ်တွေအကြာကြီးထိ ကစားသွားဖို့ ရည်ရွယ်ထားတယ်လို့ ရော်နယ်ဒိုဖွင့်ဟ

ချန်ပီယံလိဂ်ရဲ့ တသက်တာ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ၁၃၄ ဂိုးနဲ့ဦးဆောင်နေတဲ့ ရော်နယ်ဒိုက ရုတ်တရက်ဆိုသလို ပရိသတ်တွေ စိတ်ချမ်းသာမယ့် အကြောင်းအရာတခုအကြောင်းဖွင့်ဟလာပါတယ်။ အရင်သတင်းတွေထွက်နေသလို မကြာခင်နှစ်တွေမှာ အနားယူတော့မယ်ဆိုတဲ့ သတင်းတွေကို ပယ်ချလိုက်တဲ့ စကားလုံးတွေပါ။ ” အသက်အရွယ်က အဓိက မကျပါဘူး။ အဓိက အရေးကြီးတာက စိတ်ပါ။ ခရစ္စတီယာနို ကောင်းနေရင် ဒါတွေက အရေးမကြီးဘူးလေ။ ကျွန်တော်တို့
Read More

ရှုံးပွဲမရှိ (၁၆)မှတ်ပြတ်နဲ့ (၂၀၂၀)ကို အကောင်ဆုံးဖြတ်သန်းလာတဲ့ စတီဗင်ဂျာရတ်ရဲ့ ရိန်းဂျား

လီဗာပူးရဲ့ စတီဗင်ဂျာရတ်ဦးဆောင်နေတဲ့ ရိန်းဂျားအသင်းဟာ စကော့တလန်လိဂ်မှာလက်ရှိအချိန်ထိ ရှုံးပွဲမရှိသေးပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ စိန့်မာရင်နဲ့ပွဲကို ၀-၂ ရလဒ်နဲ့အနိုင်ကန်ခဲ့အပြီးမှာ အမှတ်ပေးဇယားကို ၁၆ မှတ်ပြတ်နဲ့ ဦးဆောင်လာခဲ့ပါတယ်။ လိဂ်ဖလား ကွာတားဖိုင်နယ်တုန်းက နောက်ဆုံးတွေ့ဆုံချိန်မှာ (၃-၂)နဲ့ စိန့်မာရင်ကို ရှုံးထားတဲ့ ရိန်းဂျားဟာ အမှတ်ပေးပွဲစဉ်မှာတော့ အထိခိုက်မခံခဲ့ပါဘူး။ ပထမပိုင်းကတည်းက လိုအပ်တဲ့ အနိုင်ရလဒ်အတွက် ဖွင့်တိုက်ခဲ့ပြီး၊ ဦးဆောင်းဂိုးကို စောစောစီးစီး
Read More

ဘ၀ကရှောက်သီးပေးလာရင် ရှောက်သီဖျော်ရည်လုပ်သောက်ပါလို့ နယူးနဲ့သရေပွဲအပြီး ရင်ဖွင့်လာတဲ့ ကလော့ပ်

နယူကာဆယ်ကို သရေကျလိုက်ပြီးတဲ့နောက် ၂၀၂၀ အမှတ်ပေးဇယားကို ၃ မှတ်အသာနဲ့ လီဗာပူးတို့ဦးဆောင်သွားခဲ့ပါတယ်။ နောက်ဆုံးနှစ်ပွဲဆက်သရေကျလာခဲ့တဲ့တွက် အမှတ်အများစုဖြတ်ထားနိုင်မယ့်အခွင့်အရေးဆုံးရှုံးခဲ့ပြီး၊ ဒုတိယနေရာက မန်ယူကိုပဲ ၃ မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။ ပွဲချိန်တွင်းမှာလည်း မိုဆာလားတယောက် ဂိုးရနိုင်တဲ့ အခွင့်အရေး ၂ ကြိမ်လွဲခဲ့သလို မာနေးအပိုင်အခွင့်အရေးတွေရပေမဲ့ ဂိုးအဖြစ်မပြောင်းနိုင်ခဲ့တာက ဂျာဂင်ကလော့ပ်ကို နိုင်ပွဲနဲ့ဝေးစေခဲ့ပါတယ်။ ဖာမီနိုရဲ့ ၈၈ မိနစ်ခေါင်းတိုက်ချက်တွေလည်း ဂိုးအဖြစ်မပြောင်းနိုင်ခဲ့ချိန်မှာတော့ ကလော့ပ်တယောက်
Read More

ဇန်န၀ါရီမှာ အာဆင်နယ်အသင်းရဲ့ထိပ်တန်းပစ်မှတ်ဖြစ်လာတဲ့ တဦးတည်းသောကစားသမား

နွေရာသီမှာ ကွင်းလယ်ခံစစ်နဲ့ နောက်တန်းကိုအားဖြည့်နိုင်ခဲ့တဲ့ အာဆင်နယ်ဟာ သူတို့လိုအပ်တဲ့ လူအင်အားကို နည်းပြအာတီတာနဲ့အတူ တစတစစုဆောင်းနေပါတယ်။ ခံစစ်ပိုင်း၊ တိုက်စစ်ပိုင်း သင့်တင့်တဲ့ အင်အားရှိပေမဲ့ သောမတ်စ်ပါတေးနာနေတာနဲ့အတူ အာဆင်နယ်ရဲ့ကွင်းလယ်ဟာ အင်အားနည်းလွန်းတဲ့အနေအထားကိုရောက်နေပါတယ်။ ဒီအနေအထားကို ဖြေရှင်းဖို့ အာဆင်နယ်ဟာ ကွင်းလယ်တိုက်စစ်ပိုင်းကစားသမားတွေကို ဈေးကွက်ထဲရှာဖွေခဲ့ပါတယ်။ ဈေးကွက်တွင်း ကစားသမားကောင်းတွေတော်တော်များများနဲ့ချိတ်ဆက်နိုင်ခဲ့ပေမဲ့ ခေါ်ယူဖို့အခက်အခဲရှိခဲ့တာကြောင့် ထင်သလိုဖြစ်မလာခဲ့ပါဘူး။ လိုင်ယွန်ရဲ့ အော်ဝါကို အတိအလင်းချိတ်ဆက်ထားပေမဲ့ ကစားသမားအတွက်
Read More

တဂိုးသွင်းနိုင်တာကို မတော်တရော်ပုံဖြစ်သွားလို့ မိန်မမြင်မှာကြောက်နေတဲ့ ကစားသမား

အောင်ပွဲခံတဲ့ စတိုင်လ်တွေ ထူးခြားတဲ့ ဘောလုံးလောကမှာ ရာအူးလ် ဘိုလာဒီလာတယောက်လည်း ပါလာခဲ့ပါတယ်။ အသင်းအတွက် တဂိုးပါဝင်ပတ်သက်နိုင်ခဲ့ချိန်မှာ အောင်ပွဲခံတဲ့စတိုင်လ်က မိမွေးတိုင်းဖမွေးတိုင်းဖြစ်မလိုအထိပုံစံ ရောက်သွားခဲ့လို့ နာမည်ကြီးနေပြီး၊ ပြစ်ဒဏ်ချမှတ်ခံရဖို့ ရှိနေတဲ့ကစားသမားအဖြစ် အားလုံးက စောင့်ကြည့်နေကြပါတယ်။ ဘိုလာဒီလာက သူ့ရဲ့ကလပ် ဂူအာရာနီနဲ့ လီဘာတက်ဒ်တို့ကစားခဲ့တဲ့ပွဲစဉ်မှာ တဂိုးသွင်းနိုင်ခဲ့ပါတယ်။ အသက် ၃၃ နှစ်သား ကစားသမားအနေနဲ့ ဒီဂိုးကို ပါရာဂွေးပရီးမီးယားလိဂ်ရဲ့
Read More

ဖလားမှန်းနိုင်ပြီလားလို့ ခနဲ့နေတဲ့သူတွေကို ပညာသားပါပါတုန့်ပြန်လိုက်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ ဆိုးလ်ရှား

ပွဲကြပ်ကာလဖြစ်ပေမဲ့ ၀ုဗ်ဗာဟမ်တန်ကို အနိုင်ရလိုက်ချိန်မှာ ယူနိုက်တက်တို့ အမှတ်ပေးဇယား အဆင့် (၂)ကို တက်လာနိုင်ခဲ့ပါတယ်။ ဇယားထိပ်ဆုံးက လီဗာပူးအောက် ၂ မှတ်လျော့နဲ့ အကောင်းဆုံးဖိအားပေးနေတဲ့အပြင် ပွဲစဉ် ၁၅ ပဲကစားရသေးတာက ယူနိုက်တက်တို့ဒီနှစ်မှာ ဖလားစိန်ခေါ်နိုင်ဖို့ရေပန်းစားနေပါတယ်။ သရေနဲ့အဆုံးသတ်မလိုဖြစ်လာပြီးမှ အနိုင်ရလာခဲ့တဲ့အပေါ် ယူနိုက်တက်ရဲ့ခြေစွမ်းက ဖလားစိန်ခေါ်နိုင်စွမ်းရှိနေပြီလားလို့ ပွဲအပြီးမှာ အင်တာဗျူးရှိလာခဲ့ပါတယ်။ ပရိသတ်တွေ သိချင်နေတဲ့မေးခွန်းလည်းဖြစ်တဲ့အပြင် ယူနိုက်တက်ပရိသတ်တွေလည်း သိချင်နေတဲ့မေးခွန်းကို
Read More

ကွင်းဘေးကဖုန်းယူပြီး၊ ဒိုင်ကိုသွားပြလို့ နှစ်ဝါပြအထုတ်ခံခဲ့ရတဲ့ ကစားသမား

ဆီဗာစပေါ ကပ္ပတိန် ဟာကန်အာစလန်တယောက် ဒိုင်ကို ဖုန်းပြလို့ နှစ်ဝါတနီနဲ့အထုတ်ခံခဲ့ရပါတယ်။ ဒိုင်ကို ဆုံးဖြတ်ချက်မှားနေတယ်လို့ စောဒကတက်ခဲ့ချိန်၊ ကွင်းဘေးက ဖုန်းကိုယူပြခဲ့တဲ့အပေါ် နှစ်ဝါတနီနဲ့အထုတ်ခံခဲ့ရတာပါ။ နှစ်ဝါဆက်တိုက် အပြခံရတဲ့ ပထမဆုံးကစားသမားလို့တောင် ဟာသဖောက်နိုင်ပါတယ်။ ဖြစ်ခဲ့တဲ့ပွဲစဉ်က ဆီဗာစပေါနဲ့ ဘီဆက်တက် ကစားခဲ့တဲ့ပွဲစဉ်မှာပါ။ ဘီဆစ်တက်က (၃-၀)နဲ့ နိုင်သွားပါတယ်။ ပထမပိုင်း (၁၈)မိနစ်မှာ ဦးဆောင်ဂိုးပေးလိုက်ရပြီး၊ ဆီဗာစပေါတို့ ဦးဆောင်ခံထားရပါတယ်။
Read More

လာမယ့်ရာသီမတိုင်ခင် ယူနိုက်တက်ကနေ ထွက်ခွာဖို့ရာနှုန်းပြည့် သေချာသွားတဲ့ ပေါ့ဘာ

မန်ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာနဲ့ အသင်းကြား စာချုပ်သစ်အဆင်မပြေတာကို အေ့ဂျင့်ရွိုင်းအိုလာက ထုတ်ဖော်ဖူးပါတယ်။ ကစားသမားနဲ့ ယူနိုက်တက်ကြားပြီးဆုံးသွားပြီလို့ အေ့ဂျင့်ကဆိုခဲ့ပေမဲ့ ပေါ့ဘာက အတည်ပြုထားတာမျိုးမရှိပါဘူး။ ပရိသတ်တွေကလည်း ခြေစွမ်းကောင်းတွေ ပြန်ပြလာတဲ့ ပေါ့ဘာကို အသင်းမှာဆက်ရှိစေလိုကြပါတယ်။ ဒါပေမဲ့ ပေါ့ဘာကတော့ ယူနိုက်တက်နဲ့ စာချုပ်အသစ်အဆင်မပြေတော့ဘဲ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ထွက်ခွာတော့မယ်လို့ သိရပါတယ်။ ဒီသတင်းကိုတော့ ရာနှုန်းပြည့်ယုံကြည်ရတဲ့ သတင်းထောက် ဖာဘရီဇီယို
Read More

ဗီလာကို သရေကျသွားခဲ့ပေမဲ့ အနိုင်နဲ့ထိုက်တန်မှုရှိမရှိဖြေကြားလာရင်း ပွဲကိုအားရကြောင်းဆိုလာတဲ့ လမ်းပတ်

အာဆင်နယ်ကို ဂိုးပြတ်ရှုံးပြီးနောက် (၄၈)နာရီအတွင်းမှာပဲ နောက်တပွဲကစားခဲ့ရတဲ့ ချဲလ်ဆီးဟာ ဗီလာကို (၁-၁)သရေကျခဲ့ပါတယ်။ ပွဲဆက်ပန်းနေတဲ့အပြင် အခုလိုမျိုး သရေကျခဲ့ပေမဲ့ ချဲလ်ဆီးဟာ ပုံစံကောင်းတခုကို ပြနိုင်ခဲ့ပါတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းက အတော်လေးကို အားရစရာဖြစ်ခဲ့ပြီး၊ အဆုံးသတ်တွေကြောင့်သာ ချဲလ်ဆီးတို့ဂိုးမရခဲ့ပါဘူး။ ပွဲအပြီးသရေကျသွားချိန်မှာတော့ ထုံစံအတိုင်းအင်တာဗျူးဝင်ခဲ့ပြီး၊ ပွဲနဲ့ပတ်သက်လို့ လမ်းပတ်ကို မေးခွန်းထုတ်ခဲ့ပါတယ်။ အနိုင်နဲ့ ထိုက်တန်မှုရှိမရှိ၊ ပွဲနဲ့ပတ်သက်လို့ အားရမရ
Read More